← Home
GAD news
16 Nov, 2026
ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်စေတီရှေ့၌ လမ်းသွား လမ်းလာပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်စေတီရှေ့၌ လမ်းသွားလမ်းလာပြည်သူများကို ပြည်သူ့စစ်မှုထမ်း ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။