← Home
GAD news 16 Nov, 2026

ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာများသုံးစွဲရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ် ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် စပါးသီးနှံ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ကောက်ကွက်ပြည့်မီစေရေးနှင့် ကြဲပက်စိုက်ပျိုးခြင်းများ ပပျောက်စေရန်အတွက် လယ်ယာသုံးစက်ကိရိယာများသုံးစွဲရေး တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ စုစုပေါင်းအင်အား ၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။