← Home
GAD news
09 Nov, 2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားပွဲသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်၊ နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၂၀ ဦး တက်ရောက်ခဲ့ပြီး သံဃာတော်များအား အရုဏ်ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ဝန်ထမ်း ၆၀ ဦးတို့အတွက် ၁ ဦးလျှင် ဆန်၁၂ ပြည်၊ ဆီ ၁ ပိဿာ၊ ပဲ ၂ ပြည်၊ ဆား ၁ ထုပ်၊ Tracksuit ၁ စုံ၊ ထောက်ပံ့ငွေ ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၆,၀၀၀,၀၀၀ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။