← Home
GAD news 09 Nov, 2026

ကယားပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၈) နှစ်မြောက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားပွဲသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်၊ နံနက် ၆ နာရီတွင် ကယားပြည်နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြည်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပြီး သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ ဝန်ထမ်းများအား အမှတ်တရတူညီ (Tracksuit)အင်္ကျီများပေးအပ်ခြင်းနှင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား/ သမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။