← Home
GAD news 06 Nov, 2026

မကွေးမြို့နယ်အတွင်းရှိ KTV ဆိုင်များသို့ သွားရောက်၍ လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/ မရှိနှင့် သတ်မှတ်ချိန်ထက်ကျော်လွန်၍ ဖွင့်လှစ်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ ည ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်အတွင်းရှိ KTV ဆိုင်များသို့ သွားရောက်၍ လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချမှုရှိ/ မရှိနှင့် သတ်မှတ်ချိန်ထက်ကျော်လွန်၍ဖွင့်လှစ်ခြင်းရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။