← Home
ဒေသဖွံ့ဖြိုးရေး 17 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တောကျေးရွာအုပ်စု၊ ဝါးကောက်တောကျေးရွာ၌ နွေစပါး ၃၀ ဧက စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တောကျေးရွာအုပ်စု၊ ဝါးကောက်တောကျေးရွာ၊ ကွင်းအမှတ် (၃၆၃-A)၊ ဦးပိုင်အမှတ် (၁၄/၈)၊ တောင်သူ ဦးခင်မောင်အေး၏ လယ်မြေပေါ်တွင် မျိုးစေ့ချစက် Seeder ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါး ၃၀ ဧက စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်‌ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်‌ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။