← Home
GAD news 05 Nov, 2026

မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းများအား “အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်နှင့် အမှိုက်ပုံးများ” ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာ သင်နှစ်၊ ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)နှင့် စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Sustainable Clean and Green School Award) အဆိုပြုလျှောက်ထားလာသည့် အခြေခံပညာကျောင်း ၃၃ ကျောင်းတို့အား “အခြေခံပတ်ဝန်းကျင် ဆိုင်ရာ ဘာသာရပ်ဆရာများလက်စွဲစာအုပ်(Level I, II, III, IV, V, Summary)နှင့် အမှိုက်ပုံးများ” ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၆၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။