← Home
GAD news 05 Nov, 2026

မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး‌‌ကျေးရွာ၊ လယ်တော ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique Identity(UID) ကတ်များ ဆောင်ရွက်ပေးခြင်းနှင့် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး‌‌ကျေးရွာ၊ လယ်တောကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique Identity(UID)ကတ်များ ဆောင်ရွက်ပေးခြင်းနှင့် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။