← Home
GAD news
02 Nov, 2026
မြစ်ကြီးနားမြို့၊ အမှတ်(၁)၊ တပ်မတော်ခုတင် ၃၀၀ ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)၊ တပ်မတော်ခုတင် ၃၀၀ ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တပ်မတော်အရာရှိကြီးများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ၁၆၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းသည့် အရာထမ်း၊ အမှုထမ်း ၆၅ ဦးအား အားဆေးများ၊ အာဟာရဖြည့်စွက်စာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။