← Home
GAD news 28 Oct, 2026

ရမည်းသင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ဆုံဆည်၏ လက်ရှိရေပြည့်မှတ်အထက် ၁.၃‌ ပေခန့် ရောက်ရှိပြီး ရေပိုလွှဲမှ ကျော်လွန်နေသဖြင့် ဆည်ထိပ်၊ ဈေးကုန်း၊ ဥသျှစ်ပင်၊ ရွာမကျေးရွာများတွင် ၁.၅ ပေခန့် ရေဝင်ရောက်မှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကူညီကယ်ဆယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ထားရှိပါကြောင်း သတင်းရရှိပါသည်။