← Home
GAD news
28 Oct, 2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များရရှိခဲ့သော တိုင်းဒေသကြီးလက်ဝှေ့ အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များရရှိခဲ့သော တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အားကစားသမားများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။