← Home
GAD news 23 Oct, 2026

ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာ၊ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဥ်(၂၇)သင်တန်းဆင်းပွဲအခမ်းအနား

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာ၊ အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၂၇)သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ အမှတ်(၇၁)သံချပ်ကာတပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ ခေတ္တတပ်မှူးဒုတိယဗိုလ်မှူးကြီး ရဲမြတ်သူနှင့် အရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၁၉၃ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။