← Home
GAD news 23 Oct, 2026

လားရှိုးမြို့၊ ၂၀၂၆ ခုနှစ်၊ ပြည်နယ်အဆင့်သဘာဝဘေး အန္တရာယ်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအသိပညာပေးဆွေးနွေးပွဲနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုသင်တန်းအခမ်းအနား

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအသိပညာပေးဆွေးနွေးပွဲနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုသင်တန်း အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း အင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။