← Home
GAD news
22 Oct, 2026
မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကွင်းအမှတ် (၃၈၆)ရှိ လယ်ယာမြေသို့ သွားရောက်၍ နွေစပါး၊ နေကြာနှင့်ဆောင်းသီးနှံများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၄ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကွင်းအမှတ်(၃၈၆)ရှိ လယ်ယာမြေသို့ သွားရောက်၍ နွေစပါး၊ နေကြာနှင့် ဆောင်းသီးနှံများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး၊ ရေသွင်းမြောင်းပိတ်ဆို့ဆောင်ရွက်ရမည့်နေရာများနှင့် ဆိုလာစနစ်သုံး ရေတင်စက်များ တပ်ဆင်မည့်နေရာများသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။