← Home
GAD news 20 Oct, 2026

မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ တူးလိန်ကွင်းနှင့် ဒိန်ရှာကွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုရာသီဥတုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ တူးလိန်ကွင်းနှင့် ဒိန်ရှာကွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တောင်သူများအား စိုက်ပျိုးရေ စနစ်တကျချွေတာသုံးစွဲနိုင်ရေးနှင့် သိုလှောင်ထိန်းသိမ်း စိုက်ပျိုးဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။