← Home
GAD news
14 Oct, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ အတွင်းရေးမှူး/ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား ၁၄၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။