← Home
GAD news 14 Oct, 2026

ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် တောင်သူ ဦးနွဲ့အောင်၏ လယ်ဧကအတွင်း ရေဆင်းပေါ်ဆန်း-၁ စမ်းသပ် စိုက်ပျိုးထားရှိမှု ကွင်းလက်တွေ့သရုပ်ပြပွဲသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တောင်သူ ဦးနွဲ့အောင်၏ လယ်ဧကအတွင်း ရေဆင်းပေါ်ဆန်း-၁ စမ်းသပ်စိုက်ပျိုးထားရှိမှု ကွင်းလက်တွေ့ သရုပ်ပြပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၇၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။