← Home
GAD news 13 Oct, 2026

တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာအုပ်စု၌ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်၊ တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာအုပ်စု၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်လူမှု ကူညီရေးအသင်းတို့မှ ပူးပေါင်း၍ သောက်သုံးရေဂါလံ ၃၀၀၀ ဆံ့ ယာဉ် ၁ စီး၊ ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ယာဉ် ၁ စီးတို့ဖြင့် စုစုပေါင်းဂါလံ ၄၆၀၀ အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။