← Home
GAD news 12 Oct, 2026

တိုက်ကြီးမြို့၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကြက်ဥ ၁,၀၀၀ လုံး၊ ကြက်သွန်နီ ၁၀၀ ပိဿာတို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။