← Home
GAD news 12 Oct, 2026

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြေသား တာဘောင်တပ်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကွန်ကရစ်တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြေသားတာဘောင်တပ်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။