← Home
GAD news 08 Oct, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြား အားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား ခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားအားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်း အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်‌ရေးမှူး ဦးဝင်းကို(ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားအားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။