← Home
GAD news
06 Oct, 2026
သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၂၁၇ ဦးတို့အား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မဟာအတုလသဒ္ဓမ္မရံသီသာသနာ့ ဗိမာန်တော်ကြီးတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၂၁၇ ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံခဲ့ပြီး နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် အလုပ်အကိုင်ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။