တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မြို့မဈေးအနီး၊ ပင်မရေမြောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် မေလ ၇ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုသည် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ဘုတ်ပြင်းမြို့နယ်၊ မြို့မဈေးအနီး၊ ပင်မရေမြောင်း ရေစီးရေလာကောင်းမွန်ရေး အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။