၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ထောက်ပံ့ရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများအား (၂)လစာ တစ်ဦးလျှင် ၄၀,၀၀ဝိ/-နှုန်းဖြင့် (၄၄)ဦးအား စုစုပေါင်းငွေကျပ် ၁,၇၆ဝ,ဝဝဝိ/- ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။