၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝန်းအတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် နေရပ်စွန့်ခွာနေရသည့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ် ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နေရပ် စွန့်ခွာပြည်သူများအား (၂) လစာ တစ်ဦးလျှင် ၄၀,၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။