၂၀၂၅ ခုနှစ် မေလ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္လာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ နှင့်သိုလှောင်ရုံနေရာများအား ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းချခြင်း မရှိဘဲကြာရှည်သိုလှောင်ထားခြင်းများမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် မြို့နယ်မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။