၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့၊ လှိုင်ရပ်ကွက်၊ ဓမ္မဗိမာန်၌ မြန်မာ့ယဉ်ကျေးမှုဓလေ့သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ အကအဖွဲ့များမှ သနပ်ခါးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင် နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး အနိုင်ရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။