ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ (၂၇-၁-၂၀၂၅)ရက်၊ (၁၁၀၀)အချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး(ခရိုင် အုပ်ချုပ်ရေးမှူး)သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း အင်အား (၆၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် နေထိုင်ကြရန်၊ မိမိတာဝန်ကျသည့် ဌာနစိတ် အလိုက် လုပ်ငန်းတာဝန်များ ပိုမိုသိရှိနားလည်အောင် ကြိုးစားဆောင်ရွက်သွားရန်၊ လေ့လာလို စိတ်ရှိစေရေး ကြိုးစားသွားကြရန်၊ မိမိဌာနအလုပ်အကိုင်အပေါ် စေတနာထားဆောင်ရွက်ကြရန်နှင့် အရေးကြီးထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။