မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ (၂၁-၁-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် လုပ်ငန်းခွင်မပျက် ဌာနတွင်းဥပဒေအသိပညာပေးရေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၁-၁-၂၀၂၅)ရက်မှ (၁၉-၂-၂၀၂၅)ရက်အထိ သင်တန်းသား/ သင်တန်းသူ (၅၂)ဦးတို့ဖြင့် ပထမအသုတ်ကို လည်းကောင်း၊ (၂၅-၂-၂၀၂၅)ရက်မှ (၂၁-၃-၂၀၂၅)ရက်အထိ သင်တန်းသား/ သင်တန်းသူ (၅၂)ဦးတို့ဖြင့် ဒုတိယအသုတ်ကိုလည်းကောင်း အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် (၀၉၃၀)အချိန်မှ (၁၁၀၀)အချိန်အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းကို ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ကြီးကြပ်၍ ဦးစီးအရာရှိ၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)၊ ဌာနခွဲ စာရေးနှင့် အကြီးတန်းစာရေးရာထူးအဆင့်ရှိ သင်တန်းသား/ သင်တန်းသူများအား လက်ထောက် ညွှန်ကြားရေးမှူးများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။