လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ (၃၀-၇-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းသည် ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။