ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ စစ်ဗျူဟာ အခြေချ(လင်းခေး)၌ (၇-၆-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်၊ လင်းခေးတပ်နယ်၏ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၀၀)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း၊ လျှော်ဖြူနှင့် မယ်ဇလီ စုစုပေါင်း(၃၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။