လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၆-၆-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင် အတွင်းရှိ မြို့နယ် (၅)မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့် မိုးရာသီစိုက်ပျိုးသီးနှံများ ဆောင်ရွက် မည့် အစီအမံများ စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။