မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို (၁)ရပ်ကွက်အတွင်းရှိ တိလောကာရုံ ဘုန်းကြီးကျောင်းအတွင်း၌ (၅-၆-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် ခရေ စုစုပေါင်း (၃၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိပါသည်။