စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင့်ရေး (ပထမအကြိမ်) အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၊ ဗလမင်းထင်အစည်းအဝေးခန်းမ၌ (၄-၆-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင့်ရေး (ပထမအကြိမ်) အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် (ခရိုင်အုပ်ချုပ် ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ/ မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်ကော်မတီဝင် များနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၉၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တာဝန်ခံက အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။