မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ သီတဂူဗုဒ္ဓ တက္ကသိုလ်ဝန်းအတွင်း၌ (၄-၆-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ တမာ၊ စွယ်တော်နှင့် ခရေ စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။