လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ (၁၀-၅-၂၀၂၄)ရက်၊ (၁၀၃၀) အချိန်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ် သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။