ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၊ ရွှေဂူကျောင်းလမ်း၊ ဂေါက်ကွင်းတောင်ဘက်၌ (၈-၅-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စုစုပေါင်းအင်အား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။