ကြာကန်အင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၈-၅-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် သံဖြူဇရပ်မြို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ကြာကန်အင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။