အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား Pfizer အမျိုးအစား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ (၁၃-၃-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား Pfizer အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းသည် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။