(၁၈)ကြိမ်မြောက် “သံဃိကဒါန” ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ သာသနာ့ဝိပုလဓာတ်တော်ပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်လျက်ရှိသော “ဆုတောင်းပြည့်စေတီ” ရင်ပြင်၌ (၁၂-၃-၂၀၂၄) ရက်၊ (၁၆၀၀)အချိန်တွင် (၁၈)ကြိမ်မြောက် “သံဃိကဒါန” ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ပင့်ကျောင်း (၂၀)ကျောင်းမှ ပင့်သံဃာ(၂၄၇)ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိ ပါသည်။