လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ်တို့ရှိ စာစစ်ဌာနများ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၃-၂၀၂၄)ရက်၊ (၀၉၁၅)အချိန်တွင် လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ်တို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ် ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စာစစ်ဌာနအတွင်း ကျောင်းသား/ သူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ထား ရှိမှုနှင့် စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများစီစဉ်ထားရှိမှုတို့ကို လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။