ယင်းနက်တိုင်းရင်းသားများစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မုန်မွန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ၌ (၇-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သည့် ယင်းနက်တိုင်းရင်းသားများ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယင်းနက်တိုင်းရင်းသူ (၂၀)ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ သင်တန်းကို (၇-၃-၂၀၂၄)ရက်နေ့မှ (၁၂-၃-၂၀၂၄) ရက်နေ့အထိ (၆)ရက် အကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။