လွိုင်လင်- လွိုင်မုံမှိုင်းလမ်း ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ (၆-၃-၂၀၂၄)ရက်၊ (၁၃၃၀)အချိန်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှတာဝန်ယူဆောင်ရွက်သည့် လွိုင်လင်-လွိုင်မုံမှိုင်းလမ်း အကျယ်ချဲ့၍ပြုပြင်ခြင်း၊ မူလ ကျောက်လမ်းအား အနိမ့်အမြင့်ညှိ၍ အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး) (ခရိုင်တည်ဆောက်ရေး နှင့်လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။