သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ (၅-၂-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံလူငယ်များ စုစုပေါင်းအင်အား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသားဦးရေ (၃၀)ဦးဖြင့် (၅-၂-၂၀၂၄)ရက်မှ (၇-၂-၂၀၂၄)ရက်နေ့အထိ (၃) ရက် အကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။