ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ရေထုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ (၃၁-၁-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၉.၀၀)သန်းဖြင့် အောင်ကောင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကျောင်းဝင်း ကွန်ကရစ်တိုင် Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ်(၃၉.၂၀)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် ကျောင်းတွင်း ရေထုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ခရိုင်တည်ဆောက်ရေး နှင့်လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့်လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။