ငဖဲမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ (၂၅-၁-၂၀၂၄) ရက်၊ (၀၉၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ အ.ထ.က(ငဖဲ) ကျောင်းပညာရေးစုံညီပွဲတော်သို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါပညာရေးစုံညီပွဲတော်၌ မြို့နယ်ပညာရေးမှူးက အမှာစကား ပြောကြားခြင်း၊ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး (A)အဆင့်ရရှိသော ကျောင်းသား/ သူများ၊ ကာယ ဉာဏဘက်စုံဖွံ့ဖြိုးဆုရရှိသော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။