စိုက်မွေး စက်မှုကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အ.ထ.က(၁)၌ (၂၂-၁-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၄၇.၀၅)သန်းဖြင့် Lucky 7 ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် RC(၁)ထပ် စိုက်မွေး စက်မှုကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၄၇.၀၇၉)သန်းဖြင့် မိုးယံဝင့်ချီ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် RCC ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။