တိုင်းဒေသကြီးစည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၁၁-၂၀၂၃) ရက်၊ (၁၀၀၀)အချိန်တွင် တိုင်းဒေသကြီးစည်းရုံးရေးကော်မတီနှင့် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတေဇာအောင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှုထမ်း (၇)ဦးတို့မှ “ မိသားစုဝင်ငွေတိုးပွားရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များဖန်တီးပေး”၊ “ငြိမ်းချမ်းရေးပေါင်းကူး တံတားဆီမှ လက်ကမ်းကြိုဆိုနေမည့် NCA ပန်းတိုင်ဆီ”၊ “ကျူရှင်နှင့်သင့်ကလေး၏ ကိုယ်စွမ်းကိုယ်စ နိမ့်ကျမှုကင်းဝေးရလေအောင်”၊ “အဆုတ်ကျန်းမာစေမည့် အမူအကျင့်ကောင်းများ”၊ “ ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးသင့်သောအကြောင်းအရင်း”၊ “အမျိုးသမီးမှန်ရင် သိထားသင့်တဲ့ စိတ်ဖိစီးမှုလက္ခဏာများနဲ့ ထိန်းချုပ်နိုင်မည့်နည်းလမ်းများ”၊ “အဝလွန်ခြင်းနှင့် သွေးတိုးရောဂါအန္တရာယ်” စသည့်ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။