ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေး နှီးနှောဖလှယ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲ ခန်းမ၌ (၂၁-၁၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်နှင့် တိုင်းရင်းသားရေးရာ အသိပညာပေး နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ ကျောင်းသား/ သူ များ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းသား/ သူလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သော လူငယ်များဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲ တတ်သူများဖြစ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝပိုမိုမြင့်မားလာရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြောင့် သတင်းရရှိပါသည်။