(၁၁)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး Bill Board ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်မြို့၊ ဆိုက်ခေါင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ (၁၃-၉-၂၀၂၃)ရက်နေ့၊ (၀၈၀၀) အချိန်တွင် (၁၁)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး Bill Board ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် (ခရိုင် အုပ်ချုပ်ရေးမှူး)၊ ခရိုင်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။